တောင်ကိုရီးယားနဲ့ အမေရိကန်ကြား နျူးကလီးယား အတိုင်ပင်ခံအဖွဲ့သစ်ဟာ မြောက်ကိုရီးယားအပေါ် ခိုင်မာထိရောက်တဲ့ အဟန့်အတားကို တည်ဆောက်မယ့် အစပြုတဲ့ အချက် ဖြစ်လာလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဇူလိုင် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တာဝန်ရှိသူတွေဟာ ပထမဆုံးအကြိမ် နျူကလီးယား အတိုင်ပင်ခံအဖွဲ့ (NCG) ဆွေးနွေးပွဲအတွက် ဒီနေ့ ဆိုးလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
NCG အဖွဲ့ဟာ မြောက်ကိုရီးယားနဲ့ စစ်ပွဲဖြစ်ပွားချိန်မှာ မဟာမိတ်တွေရဲ့ နျူးကလီးယား တုံ့ပြန်မှုကို ပိုကောင်းမွန်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
NCG ကို ဧပြီလတုန်းက ဝါရှင်တန်မှာပြုလုပ်တဲ့ ၂ နိုင်ငံ ထိပ်သီးအစည်းအဝေးမှာ ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်က တောင်ကိုရီးယားမှာ သူ့ရဲ့ ကိုယ်ပိုင် နျူးကလီးယားလက်နက်အတွက် တောင်းဆိုမှုတွေ များပြားလာနေချိန်ဖြစ်ပြီး ဒါကို ဝါရှင်တန်က ကန့်ကွက်ထားပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထပ်တိုးလာတာကြောင့် NCG ဖွဲ့စည်းမှုကို တရုတ်နဲ့ မြောက်ကိုရီးယားတို့က ဝေဖန်ခဲ့ကြပါတယ်။
Source - Reuters