သြစတြေးလျနိုင်ငံက ကမ်းခြေတခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဝတ္ထုတခု ဇူလိုင် ၁၇ ရက်က သောင်တင်လာခဲ့လို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပဟေဠိဖြစ်နေခဲ့ပါတယ်။
သြစတြေးလျအနောက်ပိုင်းက Green Head ကမ်းခြေနားမှာ ထုလုံးရှည်တခု မျောပါလာခဲ့ပြီး ဒါဟာ ၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားတဲ့ MH 370 လေယာဉ်က အစိတ်အပိုင်းဖြစ်မယ်လို့ အွန်လိုင်းပေါ်မှာ ထင်ကြေးပေးတာတွေ ထွက်ပေါ်ခဲ့ပါတယ်။
လေကြောင်းကျွမ်းကျင်သူ ဂျော့ဖရီ သောမတ်စ်ကတော့ ဒါဟာ MH370 ဒါမှမဟုတ် ဘိုးရင်း 777 လေယာဉ်တွေဆီကဆိုတာ ဖြစ်နိုင်ချေမရှိဘဲ ပြီးခဲ့တဲ့နှစ်အတွင်း လွှတ်တင်ခဲ့တဲ့ ဒုံးပျံရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
အနောက်သြစတြေးလျရဲတပ်ဖွဲ့၊ သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရေကြောင်းမိတ်ဘက်တွေ လတ်တလော ပူးပေါင်းစုံစမ်းစစ်ဆေးနေပြီလို့ ဒေသတွင်း မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
Source - Reuters