တိုက်စစ်မှူးလူကာကူကို ခေါ်ယူဖို့မပြုဖို့ ဂျူဗင်တပ်အသင်းပရိသတ်တွေက အသင်းရဲ့ ဆေးဘက်ဆိုင်ရာ စင်တာရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ မနှစ်က အင်တာမီလန်အသင်းမှာ တစ်ရာသီအငှားထွက်ကစားခဲ့ပြီး ၃၇ ပွဲမှာ ၁၄ ဂိုးသွင်းခဲ့ပါတယ်။
အင်တာမီလန်က လူကာကူကို ဆက်ပြီးခေါ်ယူမှာမဟုတ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဂျူဗင်တပ်အသင်းကခေါ်ယူဖို့ နီးစပ်လာခဲ့တာပါ။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းခရီး လူစာရင်းကနေလည်း နုတ်ထွက်ခဲ့ပြီး အသင်းသစ်ရှာဖွေနေပါတယ်။
ဒီလိုအခြေအနေမှာ ဂျူဗင်တပ်ရိသတ်အဖွဲ့ဟာ လူကာကူကို မလိုချင်ကြောင်း အသင်းရဲ့ ဆေးဘက်ဆိုင်ရာစင်တာရှေ့မှာ ဗီနိုင်းပိုစတာ တချို့ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
လူကာကူဟာ ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့စဉ်က ဂျူဗီပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါသေးတယ်။
ဒီဖြစ်ရပ်ကြောင့် ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးအထိ ပွဲကြည့်ခွင့်ပိတ်ပင်ခံခဲ့ရပြီး လူကာကူနဲ့ ဂျူဗီပရိသတ် တွေကြားမှာ မကျေလည်မှုလည်း ရှိခဲ့တာဖြစ်ပါတယ်။