Home
နိုင်ငံတကာ
ဘင်္ဂလား‌ဒေ့ရှ်တွင် လှေနစ်မြုပ်ပြီး အနည်းဆုံး ၄ ဦးသေဆုံး
DVB
·
July 17, 2023
Bangladesh boat sinks
DVB-News-730x365-1

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးရှိ ဘူရာဂန်ဂါမြစ်ထဲမှာ ဇူလိုင် ၁၇ ရက်က လူပေါင်း ၂၀ အထိ လိုက်ပါစီးနင်းလာတဲ့ လှေတစင်း နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲ့ဒီထဲက ၅ ဦးမှာ ထိခိုက်မှုမရှိပေမဲ့ တခြား ၃ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မိုဟာမတ် အာရစ်ဖ်က အတည်ပြုပါတယ်။

ဒီလို နစ်မြုပ်သွားတဲ့လှေကို ပြန်လည်ဆယ်တင်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ မျှော်လင့်ထားတယ်ဆိုပြီး သူက ဖြည့်စွက်ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူတဦးရဲ့ မိခင်ကတော့ အာဏာပိုင်တွေအနေနဲ့ ဒီလှေကို ကမ်းပေါ်အထိ ရောက်အောင် ယူဆောင်လာပေးဖို့ တိုက်တွန်းကြောင်း သတင်းထောက်တွေကို ဖြေဆိုပါတယ်။

အခင်းဖြစ်ပွားရာမှာ ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့အတူ မီးထိုးရင်း ရှာဖွေနေကြသလို လာရောက်ကြည့်ရှုသူကလည်း ရာနဲ့ချီတဲ့အထိ ရှိတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတဦးအရ သိရပါတယ်။

ဒီမြစ်ကမ်းအနီးမှာ ခရီးသည်တင်လှေ နစ်မြုပ်နေချိန်အတွင်း လိုက်ပါစီးနင်းလာသူတွေက ကမ်းပေါ်အထိရောက်အောင် ရေကူးလာခဲ့ကြတာဖြစ်တယ်လို့ ယုံကြည်ယူဆထားကြောင်း မီးသတ်ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက မှတ်ချက်ပေးပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024