Home
နိုင်ငံတကာ
ယူကရိန်းကင်းထောက်ဒရုန်းက ရုရှားစစ်တပ် အချက်အလက်များကို စုဆောင်းပေးပို့
DVB
·
July 11, 2023
538822-DVB-News-730x365
181525-US-dollars-730x365

ယူကရိန်း ကင်းထောက် မောင်းသူမဲ့လေယာဉ် ‘Leleka-100’ ဟာ ဘာ့ခ်မုထ် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားစစ်တပ်ရဲ့ လက်နက်ပစ္စည်းကိရိယာတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အမြောက်တပ်ကို လမ်းညွှန်ဖို့ ထောက်လှမ်းရေး အချက်အလက်တွေကို စုဆောင်းပံ့ပိုးပေးပါတယ်။

‘Leleka-100’ ကင်းထောက်ဒရုန်းယာဉ်ဟာ ရန်သူရဲ့ ခြေလျင်တပ်၊ လက်နက်ပစ္စည်းကိရိယာ အစုအဝေးကို ထောက်လှမ်းဖို့ ရန်သူဘက် ကာကွယ်ရေးတပ်တွေရဲ့ နောက်ကျောကို ပျံသန်းနိုင်စွမ်းရှိပြီး အမြောက်ပစ်ခတ်မှုကို ချိန်ညှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ယူကရိန်းစစ်တပ်ဟာ ကင်းထောက်ဒရုန်းကို နေ့စဉ်ပျံသန်းနေပြီး လက်ထဲရောက်ထားသမျှ အရင်းအမြစ် အားလုံးကို အသုံးပြုနေကြောင်းနဲ့ တန်ပြန်ထိုးစစ် မတိုင်ခင်မှာပဲ အလုပ်တွေ အများကြီး လုပ်ထားခဲ့ပြီးလို့ သူတို့ယူနစ်အတွက် ဘာမှ မပြောင်းလဲသွားကြောင်း အမည်မဖော်လိုသူ ယူကရိန်းတပ်မှူးတယောက်က ပြောပါတယ်။

ရှေ့တန်းတဝိုက်ကနေ တနင်္လာနေ့မှာ အစောဆုံး update ပေးနေတဲ့ ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့လမှာ သူ့ရဲ့တန်ပြန်ထိုးစစ် စတင်ခဲ့ကတည်းကနေ အခုထိ တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာမှာ ၁၆၉ စတုရန်းကီလိုမီတာနဲ့ အရှေ့ဘက်မြို့ ဘာ့ခ်မုထ်တဝိုက် ၂၄ စတုရန်းကီလိုမီတာကို ပြန်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားမှတ်တမ်းတွေအရ လအတော်ကြာ ဝိုင်းရံထားပြီးနောက် ဝဂ္ဂနာအုပ်စုတွေ မေလတုန်းက သိမ်းပိုက်ခဲ့တဲ့ ဘာ့ခ်မုထ်မြို့ရဲ့ အပြင်ဘက်ဧရိယာမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းဟာ စစ်ပွဲ ရက်ပေါင်း ၅၀၀ ကျော် ကြာလာပြီးနောက်မှာ ပိုပြီးခေတ်မီတဲ့ အနောက်တိုင်းလက်နက်တွေကို တပ်ဆင်ထားတာဖြစ်ပြီး တန်ပြန်ထိုးစစ် ဆင်နွှဲလာခဲ့ကတည်းက အရှေ့တောင်ဘက်ရှိ ကျေးရွာတွေကို အစုလိုက်အပြုံလိုက် ပြန်လည် သိမ်းပိုက်ခြင်းအပေါ် အာရုံစိုက်ခဲ့တာပါ။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဘာ့ခ်မုထ်အနီးတဝိုက်ရှိ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024