စင်ကာပူနိုင်ငံမှာ ၁၁ နှစ်အရွယ် မြေးမလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် အဘိုးကို အာဏာပိုင်တွေက မုဒိမ်းမှုနဲ့ ဇူလိုင် ၁၀ ရက်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။
စားသောက်ဆိုင်တခုမှာ အဘွားဖြစ်သူ မွေးနေ့ပွဲကျင်းပပြီး အပြန် ကျန်မိသားစုတွေ အိမ်ကိုပြန်သွားချိန်မှာ အဘိုးဖြစ်သူက မြေးမလေးကို ဒူးရင်းသီးဝယ်ဖို့ နေခဲ့ခိုင်းပါတယ်။
အဲဒီနောက် ချက်ချင်း အိမ်ပြန်မယ့်အစား အဘိုးဖြစ်သူက သူ့မြေးကို ဆိတ်ငြိမ်တဲ့ လှေကားထစ်တခုဆီ ခေါ်သွားကာ သူမကို ခွင့်ပြုချက်မရှိဘဲ နမ်းပြီး လိင်ပိုင်းဆိုင်ရာ အတင်းအကျပ် ခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။
အဖြစ်အပျက်ပြီးပြီးချင်း ခြောက်လခန့်အကြာမှာတော့ ဖြစ်ပျက်ခဲ့သမျှကို မြေးဖြစ်သူက ကျောင်းအတိုင်ပင်ခံကို ပြောပြခဲ့လို့ ကျောင်းအတိုင်ပင်ခံက လူမှုနဲ့ မိသားစုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစင်တာကို ဆက်သွယ်ခဲ့ပြီး နောက်နေ့မှာ ရဲထံ တိုင်ကြားခဲ့တဲ့အတွက် အဘိုးဖြစ်သူကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Source - Today