ပီရူးနိုင်ငံက ယူဘီနာစ်မီးတောင်ဟာ ဇူလိုင် ၆ ရက်မှာ ပေါက်ကွဲမှုအသစ်တခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဘူမိဗေဒ၊ သတ္တုတွင်းနဲ့ သတ္တုဗေဒ အင်စတီကျုရဲ့ မီးတောင်စူးစမ်းလေ့လာရေးဌာန INGEMMET က ပုံတွေထုတ်ပြန်ခဲ့တာကြောင့် ဒေသခံတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ စိုးရိမ်မှုတွေ တိုးလာနေကြပါတယ်။
မြို့တော် လီမာရဲ့ အရှေ့တောင်ဘက် မိုင် ၇၀၀ ကျော်အကွာမှာ တည်ရှိတဲ့ မိုကဲဂွါဒေသရှိ ယူဘီနာစ် မီးတောင်က ပြာတွေဟာ အမြင့်ပေ ၃,၅၀၀ မီတာအထိ မြင့်တက်ခဲ့ကြောင်း မီးတောင်စူးစမ်းလေ့လာရေးဌာန INGEMMET က ပြောပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ မီးတောင်ပတ်လည်က ဘေးသင့်ဧရိယာမှာ လူပေါင်း ၂,၀၀၀ လောက် နေထိုင်နေကြတာပါ။
ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်မထုတ်သေးပေမဲ့ အမျိုးသား အရပ်ဘက်ကာကွယ်ရေးဌာနကတော့ အရင်က တည်ဆောက်ထားတဲ့ ခိုလှုံစခန်းနဲ့ အထောက်အပံ့တွေကို ဖြန့်ဖြူးဖို့ စတင်ပြင်ဆင်နေပါတယ်။
ဇူလိုင် ၅ ရက်မှာ ပီရူးအစိုးရဟာ တောင်ပိုင်းမြို့ အများအပြားအတွက် ရက် ၆၀ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ကြေးနီထုတ်လုပ်တဲ့ ပီရူးနိုင်ငံ တောင်ပိုင်းဒေသဟာ နိုင်ငံရဲ့ အရေးအပါဆုံး သတ္တုမိုင်းတွင်းတွေနဲ့ ဒါဇင်နဲ့ချီတဲ့ မီးတောင်တွေ တည်ရှိရာနေရာဖြစ်ပြီး ပီရူးနိုင်ငံဟာ မြေငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေ မြင့်မားတဲ့ “ပစိဖိတ်မီးကွင်း” အတွင်းမှာ တည်ရှိနေပါတယ်။
Source - Reuters