ပီရူးနိုင်ငံတောင်ပိုင်း မိုကေးဂွါမြို့က အာဏာပိုင်တွေဟာ အူဘီးနပ်စ်မီးတောင်မှာ ဇူလိုင် ၂ ရက်က ငလျင်လှုပ်တာ၊ အဆိပ်သင့်ဓာတ်ငွေ့တွေ ထုတ်လွှတ်တာနဲ့ ကျောက်ရည်ပူတွေ မြင့်တက်လာတာ တွေနဲ့ ပတ်သက်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အဝါရောင်တပ်လှန့် သတိပေးချက်ကနေ အဆင့်မြှင့်တင်ထားတဲ့ လိမ္မော်ရောင်သတိပေးချက် အဆင့်အသစ်ကို ပီရူးဘူမိရူပသိပ္ပံ (IGP)ရဲ့ အကြံပြုချက်အတိုင်း ထုတ်ပြန်ခဲ့တာပါ။
ဇွန်လအစောပိုင်းကတည်းက လှုပ်ရှားမှုတိုးလာတာကို ပြသခဲ့တဲ့ အူဘီးနပ်စ် မီးတောင်ရဲ့ တောင်ပိုင်းမှာ နောက်ဆုံး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်လို့ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပီရူးဒေသခံ အာဏာပိုင်တွေက အစီအစဉ်တွေ ချမှတ်ထားပါတယ်။
မိုကေးဂွါမြို့က အူဘီးနပ်စ် မီးတောင်ဟာ ပီရူး နိုင်ငံအတွင်း အလှုပ်ရှားဆုံး မီးတောင်ပါ။ ၂၀၁၉ ခုနှစ်ကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ဖူးပြီး အနီးနားက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရဖူးပါတယ်။
ပီရူးတောင်ပိုင်းဟာ အသက်ဝင် လှုပ်ရှားနေတဲ့ မီးတောင် တဒါဇင်လောက် ရှိတဲ့ နေရာပါ။ ပီရူးဟာ မြေငလျင်နဲ့ မီးတောင် လှုပ်ရှားမှုတွေ မြင့်မားတဲ့ ပစိဖိတ်မီးကွင်း လို့ခေါ်တဲ့ ဒေသလည်းဖြစ်ပါတယ်။
Source-Reuters