ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပြုပြင်မွမ်းမံထားတဲ့ နိုက်ကလပ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးထိရှိလာပြီလို့ စည်ပင်သာယာရေးရဲတပ်ဖွဲ့က ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။
နိုက်ကလပ်ရဲ့ အဆောက်အအုံအတွင်းပိုင်း အစိတ်အပိုင်းတွေ ပြုပြင်မွမ်းမံနေစဥ် ဇွန် ၁ ရက် ညနေပိုင်းက အဆောက်အအုံရဲ့ ပဉ္စမမြောက်အထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
ဖနွမ်းပင်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ဆော့ဆီဟာက “မီးလောင်ထားတဲ့ နိုက်ကလပ် အဆောက်အအုံထဲက ဇွန် ၂ ရက်နေ့က အလောင်း နှစ်လောင်း ထပ်တွေ့လို့ စုစုပေါင်း သေဆုံးသူ ၈ ဦး (အမျိုးသား ၆ ဦး အမျိုးသမီး ၂ ဦး) ရှိပါပြီ။ ဆရာဝန်ရဲ့ မှုခင်းစစ်ဆေးမှုအရ ၈ ဦးလုံး အသက်ရှုကြပ်ပြီး သေဆုံးတာပါ” လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး လူလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတဝန်း ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှု ၄၅၄ ခု ဖြစ်ပွားပြီး ၄၂ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကမ္ဘောဒီယားနိုင်ငံ ပိုင်ပေါ့မြို့ရှိ Grand Daimond City ဟိုတယ်နဲ့ ကာစီနိုမှာ ၂၀၂၂ ဒီဇင်ဘာ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားပြီး လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။
Source- The sun daily