အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီ ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း လက်ရှိတီမောသမ္မတ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟိုဆေး ရာမို့စ်ဟော်တာက မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ ချက်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးလင်းသန့်တို့ကို ထည့်သွင်း နှုတ်ဆက်သွားခဲ့ပါတယ်။
၂၀၀၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကနေ လွတ်လပ်ရေး အပြည့်အဝ ရရှိလာခဲ့တဲ့ တီမောနိုင်ငံမှာ ၅ ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ပြောက်ကျားခေါင်းဆောင် ရှာနားနား ဂူစ်မာအို ဟာ ဇူလိုင် ၂ ရက်မှာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
တီမော-လက်စတေး နိုင်ငံဟာ ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံက တော်လှန်ရေးလှုပ်ရှားမှုတွေ အပေါ်မှာ တက်တက်ကြွကြွနဲ့ အစဉ်အမြဲ ထောက်ခံကြောင်း ပြသခဲ့ဖူးပါတယ်။
အရှေ့တီမောဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ NUG အစိုးရကို ပထမဆုံး တရားဝင် အသိအမှတ်ပြုတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။