ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင်မှာ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီရဲ့ ဇူလိုင် ၁ ရက် မနက်ပိုင်းက ဆင်နွှဲတဲ့ ချီတက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ သူ့သား ဟွန်မာနက်တို့ တက်ရောက်ခဲ့ကြ ပါတယ်။
ဒီချီတက်ပွဲကို ထောက်ခံသူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၂၃ ရက် ရွေးကောက် ပွဲမတိုင်မီ ကမ္ဘောဒီးယားပြည်သူ့ပါတီ တည်ထောင်ခြင်း ၇၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ သားအကြီးဆုံး ဟွန်မန်နက်ကို ပါတီတွင်း ဟွန်ဆန်ရဲ့ နေရာကို တရားဝင်ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တယ်လို့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ပြောရေး ဆိုခွင့်ရှိသူက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက အတည်ပြုခဲ့ပါတယ်။
ဆယ်စုနှစ် လေးခုနီးပါး အာဏာရလာခဲ့တဲ့ ဖခင်ရဲ့ နေရာကို ဟွန်မာနက်က ဘယ်အချိန်မှာ ဆက်ခံမယ် ဆိုတာကို ပါတီက မသတ်မှတ်ထားပါဘူး။
မကြာသေးမီက ဟွန်ဆန်ဟာ နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေကို ပြန်ပြင်ဖို့နဲ့ ဇူလိုင် ၂၃ ရက် အထွေထွေ ရွေးကောက်ပွဲမှာ မဲမထည့်သူ ဘယ်သူမဆို အနာဂတ်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ မကြာသေးမီက အမိန့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ ပါလီမန်အမတ်နေရာ ၁၂၅ နေရာ အနိုင်ရရှိခဲ့ပြီး မဲပေးသူ ၆ ဒသမ ၉ သန်းရှိသည့်အနက် မဲ ၄ ဒသမ ၈ သန်း ရရှိခဲ့ပါတယ်။