Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
June 25, 2023
356353143_649375907241190_482552269679082321_n

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Mr. Derek Chollet ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေနဲ့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး  မိုခါမုန်းတိုင်းဒဏ်ခံရသူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံဟာ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး အပါအဝင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဒဏ်ခံရသူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများ စည်းလုံးညီညွတ်မှု အားကောင်းစေရေးဆိုင်ရာ လုပ်ငန်းတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ Mr. Derek Chollet ရဲ့ Twitter လူမှုစာမျက်နှာကနေ ဇွန် ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024