Home
မြန်မာသတင်း
မရမ်းကုန်းတွင် ကား ၂ စီးတိုက်မိပြီး လူ ၅ ဦး ဒဏ်ရာရ
DVB
·
June 25, 2023
347243520_238942692214638_5254720527909491150_n

ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ဥက္ကလာဂေါက်ကွင်းမီးပွိုင့်၊ ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်မှာ ဇွန်လ ၂၄ ရက်၊ ညပိုင်းက ကား နှစ်စီး တိုက်မိတာကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မေတ္တာသီတာရေစင်အသင်းက ပြောပါတယ်။ 

အဲ့ဒီည ၉ နာရီ ၄၅ မိနစ်လောက်က  လူ ၂ ဦးပါ အိမ်စီးကားနဲ့ လူ ၅ ဦးပါ ဟိုက်ဂျက်ကားတို့ ၂ စီး မီးပွိုင့်ဖြတ်မောင်းနေချိန် လမ်းအကွေ့မှာ ဝင်တိုက်မိကြတာပါ။

မေတ္တာသီတာရေစင်အသင်း တာဝန်ရှိသူတဦးက “ ဟိုက်ဂျက်နဲ့ အိမ်စီးကားနဲ့ တိုက်တာ၊ ဂန္ဓမာလမ်းထောင့်မှာပါ၊ ဂေါက်ကွင်းရှေ့တင် ဖြစ်တာ၊ ဟိုက်ဂျက်မှာပါတဲ့ ဒရိုင်ဘာရော လူ အားလုံးပေါင်း ၅ ဦး ထိသွားတယ်၊ ခြေထောက်တွေ ထိတယ်၊ ခေါင်းနဲ့ မျက်နှာတွေ ထိထားတယ်၊ အမျိုးသား ၃ ဦး အမျိုးသမီး ၂ ဦး၊ အမျိုးသမီး ၂ ဦးမှာ ကလေးတယောက် ပါတယ် ” လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုအရှိန်ကြောင့် အိမ်စီးကား ရှေ့ခြမ်းတခုလုံး ပျက်စီးသွားပြီး ဟိုက်ဂျက်ကားရဲ့ ရှေ့မှန်၊ နောက်ဘက်အမိုးနဲ့ တံခါးတွေ ပျက်စီးသွားပါတယ်။

ဟိုက်ဂျက်ကားပေါ်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ၅ နှစ်အရွယ် မိန်းကလေးတဦးတို့မှာ ဦးခေါင်းပေါက်ဒဏ်ရာ၊ ခြေထောက်ပြတ်ရှဒဏ်ရာ ရရှိသွားပြီး  အိမ်စီးကားပေါ်က လူတွေတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေ ၅ ဦးကို မေတ္တာသီတာရေစင်အသင်းနဲ့ ကောင်းမှုဆောင်အသင်းတို့က လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024