ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက အဝတ်အစား အဟောင်းအနွမ်းတွေ ထောက်ပံ့ပေးလာတယ်လို စစ်ဘေးရှောင်တွေကပြောကြပါတယ်။
ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ကျောက်တော်အုပ်ချုပ်ရေးရုံးက စခန်းတာဝန်ရှိ သူတွေကတဆင့် ထောက်ပံ့လာတာလို့ ပြောပါတယ်။
စခန်းအလိုက် အဝတ်နွမ်းထုတ်တွေကို အိမ်ထောင်စုတစ်စုကို အဝတ်အနွမ်း ၃ ထည်စီရရှိတယ်လို့ ကျောက်တော် မီးရထားဘူတာစစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မဟာကံကြီးရှင်က စစ်ဘေးရှောင်တစ်ဦးက"မပေးချင်ရင်လည်း မပေးပါနဲ့။ ပေးမယ်ဆိုရင်လည်း ကျနော်တိုအတွက် တကယ်အထောက်ကူဖြစ်စေမယ့်အရာတွေပေးဖိုတောင်းဆိုချင်ပါတယ်။ ဒီမိုးတွင်းမှာ ကျနော်တိုအတော်ခက်ခဲနေကြတယ်"လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်ကစတင်ပြီး ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြိုနယ်နဲ့ ကျောက်တော်မြိုနယ်က စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်း ၁၀ ခုကျော်မှာ ခိုလှုံနေခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်ပြည်သူ ၇၀၀၀ နီးပါးကျန်ရှိနေသေးတယ်လို့ သိရပါတယ်။