Home
မြန်မာသတင်း
စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံအင်ဂျင်နီယာသင်တန်းဝင်ခွင့် လျှောက်ထားသူနည်းပါး
DVB
·
June 24, 2023
354453934_792317335769214_7222963136613906782_n

စစ်ကောင်စီတပ်ရဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံအင်ဂျင်နီယာသင်တန်းဝင်ခွင့် လျှောက်လွှာတွေကို ထုတ်ယူ/တင်သွင်းဖို့ စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ထုတ်ယူခဲ့ပေမဲ့ လျှောက်လွှာပေးပို့သူတွေ နည်းပါးနေတဲ့အတွက် ထပ်မံရက်တိုးမြှင့်ခေါ်ယူတာတွေ ပြုလုပ် နေပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံး၊ ကကကြည်းရဲ့ ဝက်ဘ်ဆိုက် တွေကနေ ဇွန် ၂၄ ရက်အထိ လျှောက်လွှာဝင်ခွင့် နောက်ဆုံးသတ်မှတ်ထားခဲ့ပြီး ဇွန် ၂၃ ရက်ညပိုင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်တာနောက်ကျတဲ့အတွက် လျှောက်ထားနိုင်ရန်ဆိုပြီး ဇူလိုင် ၁၅ ရက်ကို နောက်ဆုံးထားတင်သွင်းပေးဖို့ စစ်ကောင်စီတပ်ဘက်က ထပ်မံထုတ်ပြန်လိုက်ပါတယ်။

အခုလို စစ်တပ်ရဲ့သင်တန်းကျောင်းတွေ ခေါ်ယူချိန် လျှောက်လွှာနည်းပါးသွားတာတွေ နဲ့ပတ်သက်ပြီး ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက  "ဒီနှစ်အောင်ချက်က တော်တော် ကောင်းမွန်တယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက လွဲပြီး ဘယ်ကျောင်းသားကမှ တက်မှာမဟုတ်ဘူး။ မိဘတွေအတင်းအကျပ်စေခိုင်းလို့ ကျောင်းတက်စာမေးပွဲဝင်ဖြေလို့ အောင်သွားကြရင်တောင် စစ်တပ်နဲ့ပတ်သက်တာတွေနဲ့ ဝေးဝေးရှောင်ကြပါတယ်" လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ကွန်ပျူတာနဲ့နည်းပညာသိပ္ပံအင်ဂျင်နီယာတပ်ကြပ်ကြီးကျောင်း ဝင်ခွင့်တွေ သတ်မှတ် ရက် ထပ်တိုးလိုက်တာနဲ့ပတ်သက်ပြီး လွတ်မြောက်နယ်မြေတနေရာက CDM  တပ်ကြပ်ကြီး/ စာရေးတဦးက အခုလိုပြောပါတယ်။

"ကျနော်တို့တုန်းက ကျောင်းသား ၃ဝဝ ကျော် အနည်းဆုံးရှိတယ်။ ဝင်ခွင့်တွေလည်း ဒီလို မဟုတ်ဘူး အရမ်းကြပ်တယ်။ သတ်မှတ်ရက်မတိုင်ခင် လျောက်လွှာပိတ်ပစ်တာတောင်ရှိတယ်။ အခုက လျော့ပေါ့လိုက်တာတောင် လျှောက်မဲ့သူမရှိလို့ အခုလိုနောက်ဆုတ်လိုက်တာပါ။” 

လက်ရှိမှာတော့ စစ်ကောင်စီက ဝင်ခွင့်လျှောက်လွှာလက်ခံတဲ့ရက်ကိုနောက်ရွေ့ပြီး အရည်အချင်းစစ် စာမေးပွဲကို ဇူလိုင် ၂၄ ရက်မှာ ကျင်းပသွားမှာဖြစ်ကာ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်တွေက လျှောက်လွှာယူဖို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ ဝက်ဘ်ဆိုက် တွေမှာ ရေးသားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024