Home
မြန်မာသတင်း
နောင်မွန်းမြို့နယ်တွင် မူလတန်းကျောင်း မြေပြိုကျ
DVB
·
June 23, 2023
355704918_281818080981766_879300393709637165_n
355685696_281818067648434_1686664971734193105_n
355713705_281818037648437_3062762254195324360_n
355704044_281818134315094_7382429875929879990_n

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကဆန်ချောင်း ရေကြီးလာတဲ့အတွက် အခြေခံပညာမူလတန်းကျောင်း မြေပြိုကျခဲ့တယ်လို့ သိရပါတယ်။

နောင်မွန်းမြို့နယ်အတွင်း နှစ်ပတ်ကျော်အကြာ မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် ဇွန် ၂၁ ရက် မနက်ပိုင်းက ချောင်းရေမြင့်တက်လာပြီး အမှတ် ၁ အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း မြေပြိုကျမှု ဖြစ်ခဲ့တဲ့အတွက် ကျောင်းယာယီပိတ်ထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “မိုးရွာတာ နှစ်ပတ်ကျော်ကြာတယ်၊ ခုလည်း ရွာနေတုန်းပဲ။ မိုးများတော့ တောင်ကျရေတွေ များပြီး ကဆန်ချောင်း ရေကြီးလာတယ်။ ရေတိုက်စားပြီး မူလတန်းကျောင်း အတွင်းဘက် ၁၀ ပေလောက် ပြိုကျသွားတယ်။ ကျောင်းကလည်း ကလေးတွေချည်းဆိုတော့ အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့နယ်ပညာရေးမှူးရုံးကို တင်ပြပြီး ကျောင်းယာယီပိတ်ထားတယ်” လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ကဆန်ချောင်းရေကြီးလာပြီး မူလတန်းကျောင်း ခြံစည်းရိုးနဲ့ ခြံစည်းရိုးအတွင်းဘက် မြေ ၁၀ ပေခန့် ပြိုကျကာ ကျောင်းသူ ကျောင်းသားတွေအတွက် ဆောက်လုပ်ထားတဲ့ အိမ်သာတလုံးလည်း ပြိုကျခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

ရေကြီးရေလျှံပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အမှတ် ၁ မူလတန်းကျောင်းကို လာမယ့် တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် တက်ရောက် ပညာသင်ကြားနေတဲ့ကျောင်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024