မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ကျေးရွာ အမှတ်(၅)နယ်မြေ ဦးနှောင်းဂူ (သုံးထပ်ရေတံခွန်) အနီးရှိ တောတွင်းတစ်နေရာမှာ ပုပ်ပွနေတဲ့ ဆွဲကြိုးချသေဆုံးသူ အမျိုးသားတယောက်ရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသားကို ဇွန် ၁၇ ရက်နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမဲ သေဆုံးတာ တလကျော်ကြာနေပြီဖြစ်တယ်လို့ ဒေသခံ ပရဟိတအသင်းထံက သိရပါတယ်။
မြေပြင်ကူညီတဲ့ပရဟိတအဖွဲ့မှတစ်ဦးက ''လောလောဆယ်ဆယ် ပိုင်ရှင်မဲ့အဖြစ်နဲ့ပဲထားပါတယ်။ နေ့ခင်းပိုင်းလောက်က သက်ဆိုင်ရာအကြောင်းကြားလို့ သွားရောက်ကူညီခဲ့တာပါ''လို့ ပြောပါတယ်။
အဆိုပါအမျိုးသားအလောင်းကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံကြီးရင်ခွဲ ရုံကိုပို့ဆောင်ပေးခဲ့ပြီး အလောင်းဆေးစစ်ချက်ယူဦးမှာဖြစ်လို့ ရင်ခွဲရုံမှာပဲ ထားရှိပါတယ်။
ဓာတ်ပုံ-သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း