အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
မစ္စတာ ရှောင်တာနာဟာ စစ်ကောင်စီက အာဏာသိမ်းပြီး ၅ ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ ကျော် ဖြတ်သန်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တဲ့ အကျဥ်းသား ၅,၇၀၀ ကျော်ထဲမှာ ပါဝင်ခဲ့ပါတယ်။