Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရေကြောင်းခရီးများ တပတ်ခန့်ရပ်နား
DVB
·
June 10, 2023
352196228_3661289664101831_3868946443550052550_n

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရေကြောင်းခရီးစဥ်တွေကို တပတ်လောက် ရပ်နားသွားမယ်လို့ ရေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရပ်တန့်သွားမယ် ရေကြောင်းခရီးစဉ်တွေမှာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင် ရေကြောင်းခရီးစဥ်တွေဖြစ်ပြီး ရာသီဥတုမငြိမ်မသက်မှုတွေကြောင့် တစ်ပတ်ခန့်ရပ်တန့်သွားမှာဖြစ်တယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ်က မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။

"ဒီရက်ပိုင်းဝင်လာနိုင်တဲ့ လေပွေးလှိုင်းရဲ့ အခြေအနေတွေကြောင့် ပင်လယ်ဝ ခရီးစဉ်တွေကို တပတ်လောက် ရပ်နားသွားမှာဖြစ်ပါတယ်။ မုန်းတိုင်းမဟုတ်ပေမဲ့ မိုးဇလက ကြေညာချက်တွေကြောင့် ခရီးစဉ်အချို့ကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာ" လို့ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်မှာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

အဲဒီ လေဖိအားနည်း ရပ်ဝန်း နောက်ထပ် ၂၄ နာရီအတွင်းမှာ ပိုမိုအားကောင်းလာနိုင်ပြီး၊ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်ချက်အရ သိရပါတယ်။

အဲဒီ အားကောင်းတဲ့ လေဖိအားရပ်ဝန်းကြောင့် ရခိုင်ကမ်းလွန်းဒေသမှာ တစ်နာရီကို မိုင်(၄၀)က (၄၅)မိုင် ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့် အထိမြင့်တက်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ "မိုခါ"ဆိုင်ကလုန်းမိုင်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၁၄၆ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံးနေပြီး လူဦးရေ ၁ ဒသမ ၂ သန်းကျော်မှာ ထိခိုက်နစ်နာခဲ့ရကာ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024