Home
မြန်မာသတင်း
ပြည်မြို့တွင်  ကိုဗစ်-၁၉ ကူးစက်ခံရသူ    ၂ ဦး  သေဆုံး
DVB
·
June 6, 2023
351160256_991499915188194_6216878187334034847_n

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှာ ရောဂါအခံရှိတဲ့ အဘိုးအိုတယောက်နဲ့ အမျိုးသမီး တယောက်တို့ ဇွန် ၅ ရက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတ အသင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ 

ဇွန် ၅ ရက် မနက်ပိုင်းက အမျိုးသမီးရောဂါနဲ့ဆေးကုသနေသော အမျိုးသမီးနဲ့ ညနေပိုင်းမှာ ၉၆ပါး ရောဂါဖြစ်နေတဲ့ အဖိုးအိုတို့ ဆေးဝါးကုသမှုခံယူနေစဉ်မှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။ 

ကျန်းမာရေး ဝန်ထမ်းတဦးက "ရောဂါအခံတွေရှိတဲ့သူတွေပါ။ သူတို့ခံစားနေရတဲ့ ရောဂါတွေ ကုသ နေချိန်မှာပဲ ကိုဗစ်သံသယရှိလို့ ကိုဗစ်အထူးကုသကြပ်မတ်ဆောင်ပြောင်းထားပြီး ကုပေးခဲ့တာ ရောဂါ နှစ်မျိုးလုံးဒဏ် ပေါင်းခံလိုက်ရတာပါ အောက်စီဂျင် အရမ်းကျသွားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သူတွေက ပေါင်းတည်မြို့မှ ဒေါ်သင်းသင်းခိုင် (၄၂)နှစ်နဲ့ ဦးဉာဏ်ထွန်း (၈၅)နှစ်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို ပြည်မြို့ အေးငြိမ်းရာသုသာန်မှာ ခေတ္တရာလူငယ် နာရေးကူညီမှုအသင်းက နေ့ချင်းပြီး မီးသဂြိုဟ်ပေးခဲ့ပါတယ်။ 

လူနာ‌စောင့်မိသားစုဝင်နဲ့ ကိုဗစ် ထိစပ် သံသယလူနာတွေကို နေအိမ်မှာပဲ ကွာရန်တင်းထားရှိပြီး ၁၄ ရက် ပြည့်မှ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပေးမှာဖြစ်ပြီး သူတို့ကို ပရဟိတပါရမီ လူမှူကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် 

ဧပြီနဲ့ မတ်လအတွင်းက ပြည်မြို့ဆေးရုံကြီးမှာ ‌အမျိုးသား နှစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့လို့ မျက်နှာဖုံး Mask တာ၊ လက်ဆေးတာတွေကို စနစ်တကျလုပ်ဖို့ ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန် ထားပါတယ်။

Photo-ခေတ္တရာလူငယ် နာရေးကူညီမှုအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024