စစ်ကိုင်းတိုင်း၊ ကနီမြို့ တောထဲတနေရာမှာ ဆင် ၃၆ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သစ်တောဌာနမှ CDM ဝန်ထမ်းတွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းမှု အစောပိုင်းကာလကတည်းက CDM ဝင်ထားတဲ့ သစ်တောဝန်းထမ်း ၂၀ ကျော်ရဲ့ မိသားစု ၁၀၃ ဦး စားဝတ်နေရေး ခက်ခဲနေတာကြောင့် ဆင်တွေကို ဆက်လက်စောင့်ရှောက်ရန် အခက်တွေ့နေပါတယ်။
“စားသောက်စရာစရိတ်ရှိရင်တောင် ဆင်တွေကိုအရင်လိုပဲ စောင့်ရှောက်မှာပါ။ ဆင်တွေက သားသမီးလိုဖြစ်နေတော့ မခွဲနိုင်ဘူး” လို့ ဆင်ဦးစီးတစ်ဦးက ပြောပါတယ်။
ဆင်တွေရဲ့ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်နေပြီး ၂၀၂၂ မိုးရာသီတုန်းက ဆင်တစ်ကောင် အဆုပ်ထဲ ပိုးဝင်တာကို ကုသရန်ငွေကြေးမရှိလို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဆင်ဦးစီး မိသားစုအတွက် ဆန်တစ်ပြည်ဖြစ်ဖြစ်တတ်နိုင်သလောက်ကူညီထောက်ပံ့ပေးကြပါလို့ ကျောက်လုံးကြီး KGLတပ်မဟာက တာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။