Home
မြန်မာသတင်း
Xida Home အထည်ချုပ်စက်ရုံတွင် အချိန်ပိုဆင်းရန်ငြင်းဆန်သည့် အလုပ်သမား ထိုးကြိတ်ခံရ
DVB
·
May 23, 2023
348555258_559793832966620_4421350446505896807_n

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က Xida Home အထည်ချုပ်စက်ရုံမှာ ညလုံးပေါက် အချိန်ပိုခေါ်တာ ငြင်းဆန်တဲ့ အလုပ်သမားတဦးကို စူပါဖြစ်သူက ထိုးကြိတ်ခဲ့တယ်လို့ အလုပ်သမားဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

မနေ့ မေ ၂၂ ရက် ညနေက အချိန်ပိုခေါ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စကားများပြီး စူပါဖြစ်သူက အလုပ်သမားကို ထိုးကြိတ်ခဲ့ကာ ဝင်ဆွဲတဲ့ အလုပ်သမားရဲ့ သူငယ်ချင်းပါ အထိုးခံရတာလို့ ဆိုပါတယ်။

အဲဒီလို လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ထိုးကြိတ်ခံရတဲ့အတွက် နစ်နာသူ အလုပ်သမားနှစ်ဦးက STUM ထံ အကူအညီတောင်းခဲ့ပြီး အဲဒီကတဆင့် ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ သွားရောက်တိုင်တန်းခဲ့တယ်လို့ STUM မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စဖြစ်ချိန်မှာတော့ အလုပ်သမားနှစ်ဦးက အတော်မကျေမနပ်ဖြစ်နေတာ။ ဒီမနက် ရဲစခန်း ထပ်သွားကြတယ်။”

ဒါပေမဲ့ စက်ရုံဘက်က အမှုဖွင့်လှစ်တဲ့အပေါ် ဖိအားပေးမှုတွေ ရှိခဲ့တာကြောင့် အလုပ်သမားနှစ်ဦးက ဒီမနက်မှာ အမှုပြန်ရုပ်သိမ်းပေးခဲ့ရတယ်လို့လည်း STUM က ဆိုပါတယ်။

ဒါ့အပြင် STUM က အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေးသားထားတာကို ပြန်ဖြုတ်ပေးဖို့ကိုလည်း စက်ရုံဘက်က ဆက်သွယ်ပြောကြားခဲ့ပေမဲ့ ပြန်ဖြုတ်ပေးမှာမဟုတ်ဘူးလို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

အခုလို အလုပ်သမားအပေါ် ဖိနှိပ်မှုနဲ့ပတ်သက်လို့လည်း ဆက်လက်စောင့်ကြည့် မှတ်တမ်းယူသွားမယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024