ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်က ရေကြည်ချောင်းတံတားကို ဧပြီ ၃၀ ရက် ည ၁၂ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတံတားဟာ စစ်တောင်းမြစ်အရှေဘက်ရှိ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာစခန်းနဲ့ အဓိကဆက်သွယ်ထားတာဖြစ်လို့ ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် “ကျနော်တို့က ERO နဲ့ တွဲထားလို့ ပြောရေးဆိုခွင့်မရှိဘူး” လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။