အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာက စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာ နိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့် မှန်းထားပါတယ်။
OECD က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေး နှေးကွေးမှုနဲ့အတူ အရှေ့တောင်အာရှရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ၄ ဒသမ ၆ ရာ ခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ပြောလိုက်တာပါ။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက ၂ ဒသမ ၆ ရာခိုင်နှုန်းကနေ အခုနှစ်မှာတော့ ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ပြီး ဒေသတွင်း အဆင့် ၆ နေရာမှာ ရှိနိုင်တယ်လို့ OECD က ခန့်မှန်းပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေပေမယ့်လည်း ထိုင်းနိုင်ငံကတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ဂျီဒီပီ ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးလာနိုင်မယ်လို့လည်း ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံကတော့ အခုနှစ်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ဒေသတွင်း ဂျီဒီပီအမြင့်ဆုံး ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားပြီး သူ့နောက်မှာတော့ ဖိလစ်ပိုင်က ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၅ ဒသမ ၄ ရာခိုင်နှုန်းစီ ရှိနိုင်မယ်လို့ ဆိုပါတယ်။ OECD ရဲ့ ခန့်မှန်း ချက်အရ စင်ကာပူနဲ့ မြန်မာနိုင်ငံတွေကတော့ အနိမ့်ဆုံးစီးပွားရေးတိုးတက်မှုနှုန်း ၂ ဒသ မ ၂ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်းစီ အသီးသီး ရှိနိုင်တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှဒေသတွင်း အခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းကို နှောင့်နှေးစေ တဲ့ အဓိကအကြောင်းရင်းတွေကတော့ ငွေကြေးဖောင်းပွမှုနဲ့ ကမ္ဘာ့စီးပွားရေး နှေးကွေးမှု တို့ကြောင့် ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ဒေသတွင်းလက်ရှိငွေကြေးဖောင်းပွမှုအဆင့်ဟာ အလယ်အလတ်မှာ ရှိနေပြီး OECD နိုင်ငံတွေရဲ့ ပျမ်းမျှအောက် အဆင့်မှာ ဆက်လက်ရှိနေသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။