Home
မြန်မာသတင်း
မိုးညှင်းမြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ထောင်ဒဏ် ၁၁ နှစ် ထပ်ချ
DVB
·
March 31, 2023
dawthtar

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက မတ် ၃၀ ရက်က  ထောင်ဒဏ် ၁၁ နှစ်  ချမှတ်လိုက်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အမှုနဲ့ မြစ်ကြီးနားခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့တာလို့  တရားရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။

မြစ်ကြီးနားခရိုင် တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက"ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနား ခရိုင်တရားရုံးက ပုဒ်မ  ၅၀ (ည)အမှုနဲ့ ထောင် ၁၁ နှစ် ထပ်ချတယ်။ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၁နှစ်က ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ပြန်လွှတ်ရမှာ။  အဲ့ဒါကို ပြန်မလွတ်ပဲ ၅၀(ည)နဲ့ ထပ်ဆွဲပြီး ၁၁ နှစ် ထပ်ချတာ" လို့ ပြောပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ(CRKH) ဖွဲ့စည်းရာမှာ ပါဝင်အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် သြဂုတ် ၄ ရက်နေ့က နန်းမားမြို့ အောင်မင်္ဂလါရပ်ကွက်က နေအိမ်မှာ ရိုက်နှက် ဖမ်းဆီးသွားခဲ့တာပါ။

ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၂ခုနှစ် မေလ ၂၆ ရက်နေ့က ထောင်ဒဏ်  ၁ နှစ် ချထားပြီး ဖြစ်ပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကနေ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo- Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024