Home
မြန်မာသတင်း
ပါတီမှတ်ပုံမတင်ရန် SNLD ဆုံးဖြတ်
DVB
·
March 18, 2023
000000000

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဒီဗွီဘီကို  ပြောပါတယ်။

ပါတီဗဟိုအလုပ်မှုဆောင်တွေရဲ့ တညီတညွတ်တည်းဆုံးဖြတ်ချက်နဲ့ အခုလို မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။ 

တကယ်လို့ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ခဲ့ရင် ပါတီမှတ်ပုံတင် အလိုအလျောက်ပျက်ပြယ်မှာဖြစ်ပြီး ဒါကလည်း အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားမို့ မထူးဆန်းဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

"ကျနော်တို့ နားလည်တာက မှတ်ပုံဆက်မတင်ဘူးဆိုရင် မှတ်ပုံတင် အလိုအလျောက်ပျက်ပြယ်တယ်ပေါ့နော်။ ပျက်ပြယ်ပြီးတဲ့ နောက်မှာမှ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာက UEC သဘောထားအပေါ်မူတည်တာပေါ့။ ကျနော်တို့ကတော့ မှတ်ပုံတင် အလိုအလျောက်ပျက်ပြယ်တာမျိုးတွေကလည်း အရင်ကတည်းက ကြုံခဲ့ပြီးသားမို့ သိပ်ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။" 

ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ရမယ့်အချိန်ကနည်းလွန်းတာ၊ SNLD အနေနဲ့ နိုင်ငံတဝန်းလုံးအနေနဲ့ မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တာကြောင့် ကချင်၊ ကယား စတဲ့ ပြည်နယ်တွေမှာရှိတဲ့ ပါတီဝင်တွေဆီ သွားရောက်တွေ့ဆုံဖို့ဆိုတာကလည်း လုံခြုံရေးအခြေအနေကြောင့်မဖြစ်နိုင်တာ၊ ပါတီဝင်ထုရဲ့ သဘောထားကို ရယူဖို့ အချိန်မလောက်ငတာ၊ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာကို အတိအကျ မကြေညာထားတာ စတဲ့ အခြေအနေအကြောင်းအကြောင့် မှတ်ပုံတင်ဖို့ မဖြစ်နိုင်တာလို့ ဦးစိုင်းလိတ်ကပြောပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့စာရင်းအရ မှတ်ပုံပြန်တင်ပြီးတဲ့ ပါတီစုစုပေါင်း ၂၇ ပါတီရှိပြီဖြစ်ပြီး၊  တိုင်း (ဒါမှမဟုတ်) ပြည်နယ်တခုတည်းမှာ စည်းရုံးမယ့်ပါတီ ၂၀ နဲ့ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီက ၇ ပါတီတို့ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013