Home
မြန်မာသတင်း
ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ သက်ကြီးရွယ်အို ၃ ဦး ပိတ်မိသေဆုံး
lusane
·
March 15, 2023
336376082_119314767772040_57116023667889296_n
336368656_711419507386021_5127530961201855891_n
336324615_1062250314730765_5112992002561010613_n
336282448_3488926311428326_6703279970875267091_n
336256212_135591439445968_7159623257243357813_n
336231347_882025913085324_381744299345497007_n
336172923_742237317313741_3322082779740302529_n
336105918_736495334637150_1776778775757157969_n
335878335_538307038387656_3801227156577595851_n
335406160_738990111049733_2590722013464664038_n
335276133_196710472993149_6476746479268922558_n

အကြမ်းဖက်စစ်ကောင်စီတပ်သား‌တွေက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို ဒီနေ့ ဝင်ရောင် မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၃ ယောက် ပိတ်မိသေဆုံးသွားပါတယ်။

မုံရွာ-မန္တလေးအမြန်လမ်းပေါ် မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌တွေဟာ တိုက်ပွဲမရှိဘဲ ရွာထဲကိုလာပြီး မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြေပါတယ်။

"သူတို့ အယောက် ၃၀ လောက်ရှိတယ်။ မနက် ၆ နာရီလောက်မှာ သေနတ်တွေဖောက်ပြီးဝင်လာတော့ အနားကရွာကလူတွေပါ ပြေးကြရတာပေါ့။ ရွာထဲရောက်တာနဲ့ မီးရှို့တော့တာပဲ" လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ချိန်မှာ အိမ်မှာပဲကျန်ခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ယောက်နဲ့ အဘွားအို ၁ ယောက်တို့ ပိတ်မိပြီး သေဆုံးခဲ့ပါတယ်။

ရွာမှာလည်း ကား၊ ဆိုင်ကယ် စတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့အတူ အိမ်‌ခြေ ၆၀ ကျော် မီးလောင်ပျက်စီးသွားပါတယ်။

"အိမ်‌စာရင်းကတော့ အတိအကျမသိရသေးပါဘူး။ အခုထိလည်း မီးကမငြိမ်းသေးဘူး။ လေက ကြမ်းလာနေပြီ" လို့ ဒေသခံတယောက်က အခု ည ၉ နာရီကျော်အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။

ထနောင်းတောတောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နေ့လယ်ပိုင်းမှာ တောပုမြောက်ပိုင်းပျူကျေးရွာကတဆင့် ဆိုင်ကယ်တွေနဲ့ သူတို့အထိုင်ချတဲ့ စွမ်းရည်ထက်ဆီဆိုင်ကို ပြန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ဟာ ထနောင်းတောမြောက်ရွာနဲ့ တောင်ရွာက ပြည်သူတွေရဲ့နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024