Home
မြန်မာသတင်း
မြန်မာတပြည်လုံး ချိန်ခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိုင်ဟု NUG ထုတ်ပြန်
DVB
·
March 13, 2023
335377299_1229478141268297_5566541740953497667_n
335325117_1246155472697901_2442311868262280627_n
335459631_1035465697438458_7359102333315291148_n
335870928_773221530811492_8637433954529118202_n

မြန်မာနိုင်ငံတောင်ဘက်ပင်လယ်ပြင်မှ အပူပျံတက်နှုန်း မြင့်တက်လာစေတာကြောင့် ရေငွေ့ပါတဲ့လေနွေးတွေကို မြန်မာနိုင်ငံပေါ် ပို့လွှတ်လာပြီး တစ်ပြည်လုံးဒေသ အတော်များများမှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

မတ် ၁၃ ရက် ဒီကနေ့ကနေ လာမယ့် ၁၉ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်အတွင်းထူးခြားချက်ကတော့ နွေဦးရာသီ အသွင်ကူးပြောင်းလာတဲ့ ရက်သတ္တပတ် ဖြစ်ကာ ဆောင်းနှောင်းကာလမြူထူဆိုင်းမှုက အနည်းငယ် နေမြင့်ချိန်အထိ ကြာမြင့်လာနိုင်ပြီး တပြည်လုံးမှ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့် မတ် ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၈ နဲ့ ၁၉ ရက်တွေမှာတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတွေမှာ ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်နယ်မှာတော့ အချိန်အခါမဟုတ်မိုးရွာသွန်းလို့ နေလှန်းဆားကွင်း အားလုံးနီးပါး ထိခိုက် ပျက်စီးပြီး ဆားပိဿာချိန် သောင်းနဲ့ချီ ဆုံးရှုံခဲ့ရတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ ညပိုင်းနဲ့ မတ် ၁၃ ရက် မနက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ပြည်နယ်ထဲက နေလှန်းဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ဆားကွင်းဖျက်မိုး ရင်ဆိုင်ခဲ့ရတဲ့ ဆားတောင်သူတွေဟာ ဆားကွင်းအမျိုးအစားအပေါ်မူတည်ပြီး ကျပ်သိန်းရာနဲ့ချီ အရှုံးပေါ်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024