Home
မြန်မာသတင်း
ပြည်မြို့ စရဖရုံးတွင် ပါဆယ်ဗုံးပေါက်
DVB
·
March 13, 2023
335050780_891797545414294_3993747889094886443_n

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စစ်ဘက်ဆိုင်ရာလုံခြုံးရေးတပ်ဖွဲ့ရုံးမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ညနေပိုင်းက အမည်မသိ အမျိုးသားတစ်ဦးလာရောက်ပေးပို့တဲ့ ပါဆယ်ထုပ်ကနေ  ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦး "ဒဏ်ရာရတာ လေးယောက်ပါ။ အပြင်လူမပါဘူး။ စစ်သားတွေချည်းပဲ။ တော်တော်ပြင်းတယ်ပေါက်တဲ့ဗုံးက၊ ဆေးရုံရောက်ပြီး သေတဲ့သူတွေလည်း ရှိတယ်"လို့ ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရတဲ့  စစ်ကောင်စီတပ်သားတွေကို ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကို ပို့ဆောင်ထားပြီး စစ်တပ်က စောင့်ရှောက်မှုတွေပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်မြို့ စရဖရုံးဗုံးပေါက်ကွဲနဲ့ပတ်သက်ပြီး  သေဆုံးသူစာရင်းအတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လတ်တလောမှာ  အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲမှ စစ်ကောင်စီတပ်သားတွေက ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း  ပြည်မြို့မှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူအချို့သေဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024