စစ်ကောင်စီက အာဏာသိမ်းပြီး ပုဒ်မမျိုးစုံနဲ့ တရားစွဲဆို ထောင်ဒဏ်အမိန့်ချမှတ်ခံထားရတဲ့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်နဲ့ပတ်သက်တဲ့အမှုတွေထဲက ငါးမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။
“ငါးမှုအယူခံတင်ထားတာ ခုလာမယ့် ၁၆ ရက်နေ့မှာ လက်ခံသင့် မခံသင့် ကြားနာမယ်၊ သူ့အမှုတွေကများတော့ ဘယ်အမှုတွေလည်းတော့ သေချာမသိဘူး” လို့ တရားရေးနဲ့ နီးစပ်သူတဦး က ပြောပါတယ်။
ဒေါက်တာမျိုးအောင်အပေါ်စွဲဆိုတာတဲ့အမှုပေါင်း ၂၀ ရှိပြီး အယူခံတင်ထားတဲ့အမှုတွေမှာ အမှုအမှတ် ၁၂/၂၀၂၃၊ ၁၃/ ၂၀၂၃၊ ၁၄/၂၀၂၃၊ ၁၅/၂၀၂၃၊ ၁၆/၂၀၂၃ တို့ဖြစ်တယ်လို့ သိရပါတယ်။
ဒေါက်တာမျိုးအောင်ဟာ စုစုပေါင်း ထောင်ဒဏ်နှစ် ၂၀ ကျော်ချမှတ်ခံရပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။
ဒေါက်တာမျိုး အောင်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦး၀င်းမြင့်တို့နဲ့ ပတ်သက်တဲ့အမှုတွေမှာလည်း အမှုတွဲအဖြစ် တရားစွဲဆိုထားသလို သူတဦးတည်း အပေါ်မှာလည်း အဂတိမှုတွေများစွာနဲ့ တရားစွဲဆိုထားပါတယ်။