Home
မြန်မာသတင်း
စစ်တပ်မီးရှို့မှုကြောင့် အရာတော်က နေအိမ် ၈ လုံးဆုံးရှုံး၊ လူငယ်အချို့ကို ဖမ်းဆီးရိုက်နှက်
DVB
·
February 19, 2023
332027657_1230660837802624_5281643802846278739_n

စစ်ကိုင်းတိုင်း အရာတော်မြို့ပေါ် လယ်တီရပ်ကွက်ကို စစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက် ညနေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့်  နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ရပ်ကွက်အတွင်းက လူငယ်တချို့ ရိုက်နှက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့ခံတဦးက "မနေ့ ည ၉ နာရီနောက်ပိုင်းမှာ ပြန်ထွက်သွားတယ်။ ဖမ်းခံ လိုက်ရတဲ့သူတွေထဲက လူငယ်တွေနဲ့ CDM ဝန်ထမ်းတွေ သီးသန့်ခေါ်ပြီး ရိုက်နှက်စစ်ဆေး တယ်” လို့ ပြောပါတယ်။ 

လယ်တီရပ်ကွက်ကို စစ်တပ်ဝင်ရောက်လာပြီးနောက် ​ပြေးချိန်မရဘဲ ရပ်ကွက်နေ ပြည်သူတွေ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

အရာတော်မြို့ပေါ်က လယ်တီရပ်ကွက်ကို အမှတ် ၁၀ လေ့ကျင့်ရေးတပ်က စစ်ကား ၇ စီးနဲ့ သေနတ်ပစ် ဝင်ရောက်လာပြီး  ရပ်ကွက်အတွင်း နေအိမ်တွေထဲက ပစ္စည်းတွေကို သယ်ဆောင် ကာ မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း လယ်တီရပ်ကွက်နားက ငါးထောင့်လေး တင့်ကားစစ်တပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လယ်တီရပ်ကွက်နဲ့ တပ်မ ၅၀၀၄ ကြားမှာ ကာကွယ်ရေးအဖွဲ့‌တွေက မိုင်းဆွဲ ခဲ့သလို အရာတော်မြို့ တပ်ရင်း ၁၀ ကို ၈၀ မမ တွေနဲ့ ပစ်ခတ်တာကြောင့် အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024