Home
မြန်မာသတင်း
ကံပေါက်တွင် အမျိုးသမီး ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
February 12, 2023
330028192_1646191632482177_4181557926890656002_n

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီက ဒေသခံအမျိုးသမီး ၅ ယောက်ကို ဖမ်းဆီးသွားပြီး ကံပေါက်ရဲစခန်းကတဆင့် မောရဝတီရေတပ်ကို ခေါ်ဆောင်စစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ဒေသခံတွေက ပြောပါတယ်။

ကံပေါက် လှည်းကုန်း ၁ ရပ်ကွက်မှာနေထိုင်တဲ့ မမာမာဝေ၊ မသန်းသန်းစိုး၊ မချိုချိုအောင်၊ မမိသန်းကြွယ်နဲ့ မရွက်နုဝေ တို့ဟာ ဆန္ဒပြရာမှာပါဝင်တယ်ဆိုပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံရသူတဦးရဲ့ မိသားစုနဲ့နီးစပ်သူက "ဆန္ဒပြတုန်းက မှတ်တမ်းဓာတ်ပုံတခုမှာ အခုအဖမ်းခံရတဲ့ အမျိုးသမီး ၅ ယောက်ပုံပါနေတယ်လို့ အကြောင်းပြပြီး စစ်ဆေးဖို့ ခေါ်သွားတာ အခု ၂ ရက်ရှိနေပြီ" လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ညမှာလည်း ကံပေါက်ကျေးရွာ ခိုင်သဇင်ရပ်ကွက်နေအိမ်တလုံးမှာ စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးခံရတာတော့မရှိဘူးလို့ သိရပါတယ်။

ကံပေါက်ဒေသက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ တပည့်ဦးလှဌေးတို့ ပစ်ခတ်ခံရတဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ဒေသခံ ၁၅ ဦး အဖမ်းခံရပြီး ၁၂ ဦး ပြန်လွတ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ နောက်ထပ်ဒေသခံ ၄ ဦး ပြန်အဖမ်းခံရပြီးနောက် ၃ ဦး ပြန်လွတ်လာခဲ့ပါတယ်။ အခု အမျိုးသမီး ၅ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဒေသခံ ၈ ဦးရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024