Home
မြန်မာသတင်း
မြို့ပြပြောက်ကျားရုပ်ရှင်ကို ဆစ်ဒနီမြို့မှာ ပွဲဦးထွက်အဖြစ် ပွဲချိန် ၂ချိန်ခွဲပြီး ပြသခဲ့ရ
DVB
·
February 6, 2023
329148935_876877063525682_7481370617475456378_n

ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးပုံဖော်ထားတဲ့ မြို့ပြပြောက်ကျားရုပ်ရှင်ကို ဖေဖော်ဝါရီ ၅ ရက်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပွဲဦးထွက်အဖြစ်ပြသခဲ့ရာ ရုပ်ရှင်လာရောက်ကြည့်ရှုသူ ပရိသတ်များပြားတဲ့အတွက် ပွဲချိန် ၂ချိန်ခွဲ ပြသခဲ့ရလို့ ပွဲဦးထွက်အနေနဲ့ အောင်မြင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေက တော်လှန်ရေး အောင်မြင်စေချင်လို့ ဖန်တီးထားတဲ့ မြို့ပြပြောက်ကျားရုပ်ရှင်ကို ပွဲဦးထွက်အနေနဲ့ ပရိသတ်အများအပြားလာရောက်အားပေးခဲ့သလို ရုပ်ရှင်ထဲက ပဟေဠိကိုပါ စိတ်အားထက်သန်စွာနဲ့ ဖြေဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက“ပွဲဦးထွက်ဆိုတော့ ရင်ခုန်တာပေါ့နော် ဇာတ်လမ်းက ကိုယ့်ဇာတ်လမ်းဆိုပေမယ့် တော်လှန်ရေးအတွက် အောင်မြင်စေချင်တာပေါ့ တကယ်တမ်းကျတော့ ပွဲချိန် ၂ ချိန်ခွဲပြရပြီး ပရိသတ်တော်တော်များများလာပြီး အားပေးကြတယ်။ ပထမပွဲဆို ၁၀၀ ရာခိုင်နှုန်းလက်မှတ်ရောင်းချနိုင်ခဲ့ပါတယ်၊ ဒုတိယပွဲစဉ်ကိုတေ့ ၈၀ ရာခိုင် နှုန်းလောက် လက်မှတ်ရောင်းချနိုင်ခဲ့တယ်၊ ရုပ်ရှင်လာကြည့်တဲ့သူတွေကလည်း ဇာတ်လမ်းကို စိတ်ဝင်စားပြီး ရုပ်ရှင်ပြီးသွားတာတောင် ခုံက မထကြသေးဘဲ ဇာတ်လမ်းထပ်လာဦးမယ်ထင်ပြီး စောင့်နေကြတယ်။  ပြီးတော့ feedback အနေနဲ့ ဇာတ်လမ်း၊ ကင်မရာအယူအဆ၊ မီးအလင်းအမှောင် စတာတွေကိုလည်း သေချာလုပ်ထား ကြတယ်။ လူငယ်တွေ ဝိုင်းပြီးကြိုးစားထားကြတယ်ဆိုတာကိုလည်း ပြန်ပြောကြတဲ့အတွက် တယောက်ချင်းကို လည်းကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်၊

မြို့ပြပြောက်ကျားရုပ်ရှင် ပွဲဦးထွက်အနေနဲ့ ဆစ်ဒနီမြို့မှာစတင်ပြသခဲ့တာဖြစ်ပြီး နောက်ထပ် ဩစတြေးလျမြို့ကြီးလေးခုမှာ ဆက်လက်ပြသသွားဖို့ရှိပြီး မလေးရှား၊ ယူကေ၊ ဂျပန်နဲ့  ကိုရီးယားနိုင်ငံတွေမှာ ဆက်လက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံအသီးသီးမှာ ပြသရင်လည်း ကျနော်တို့ ပရိသတ်တွေကို လာရောက်အားပေးစေချင်ပါတယ်။ ကျနော်တို့တော်လှန်ရေးအတွက်ခွန်အားတခုဖြစ်အောင် ဒီလိုကားလေးတွေကို ရုပ်ရှင်သမားတွေကို ရုပ်ရှင်နဲ့ တော်လှန်နေခြင်းဖြစ်ပါတယ်။ တာကြောင့် အားပေးကြပါ၊ တစ်ယောက်လက်က တယောက်ရဲ့ အားပါ” လို့ ဒါရိုက်တာ သည်ခေတ်နေတာ ထပ်မံပြောပါတယ်။

အဆိုပါ မြို့ပြပြောက်ကျားရုပ်ရှင်ကို ပြည်ပနိုင်ငံတွေမှာ ပြသပြီးတဲ့အခါမှာ  မြန်မာပြည်တွင်းက ပရိသတ်တွေ ကြည့်နိုင်အောင်လို့ NUG အစိုးရနဲ့ ပူးပေါင်းပြီး လုပ်နေဆောင်နေပြီဖြစ်တာမို့ အသေးစိတ်အချက်အလက်တွေ ကို ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရက်စက်တဲ့နေရာမှာ ပြတ်သားတဲ့သူတွေကို တော်လှန်တဲ့နေရာမှာပြတ်သားရမယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့ မြို့ပြပျောက်ကျားရုပ်ရှင်က နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ကိုဇေယျာသော်နဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ ရိုက်ကူးထားပြီး ဩစတြေးလျရောက် တော်လှန်ရေးလူငယ်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024