Home
မြန်မာသတင်း
မတ္တရာနယ် တောပုရွာက စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
DVB
·
February 5, 2023
328895873_841107513653020_2137419697320165968_n

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ တောပုရွာမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၄ ရက်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

တောပုရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညနေ ၄ နာရီလောက်မှာ ဒရုန်း ၃ စီးနဲ့ တပြိုင်နက် ဗုံးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက  ပြောပါတယ်။

အခုလို ဒရုန်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ် နဲ့ မတ္တရာမြို့နယ် အကြား၊ဧရာ၀တီ မြစ်ကမ်းအနီး ဇီးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧရာဝတီမြစ်အတွင်းက ကျွန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"အသေအပျောက်ကတော့ နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားတာပဲ။ မနေ့ညကတော့ ကိုးနာရီခွဲလောက်မှာ စဉ့်ကူးနဲ့ မတ္တရာချုပ်စပ်မှာ ဇီးကုန်းရွာကနေ ပြီးတော့မှ လက်နက်ကြီးတွေနဲ့ မတ္တရာမြို့နယ်၊ မြစ်ခလယ်ခေါင်ကျေးရွာတွေကို လှမ်းပြီးတော့ပစ်တယ်။"

အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုဟာ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ထဲမှာရှိတဲ့ ကျွန်းရွာတွေမှာ  တပ်စွဲတာ၊ မီးရှို့တာ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် မြစ်လည်ကျေးရွာတွေမှာ ပိုဝ(တောင်)၊ ပိုဝ (မြောက်)ရွာ၊ စိန်ပန်းကုန်းရွာနဲ့ ပိုဝရွာစတဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ရာဂဏန်းဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024