မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာဒေသခံ ခြံသမားအမျိုးသားတယောက် ဖေဖော်ဝါရီ ၂ ရက် ည ၆ နာရီဝန်းကျင်လောက်က ခြံလုပ်ငန်းပြီးစီးလို့နေအိမ်အပြန် မိုင်းနင်းမိရာမှ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ဆိုင်ကယ်နဲ့ ခြံကနေပြန်လာစဥ် ကြိုးတံတားရွာအနီးမှာ မိုင်းထိမှန်ကာ ခြေထောက်မှာဒဏ်ရာရပြီး လမိုင်းဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကင်းစခန်းကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာဖြစ်ပြီး အခုရက်ကပိုင်းတွေမှာ မြေမြှုပ်မိုင်းနင်းမိဒဏ်ရာရသူ ၂ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူ များပြားလာကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။