Home
မြန်မာသတင်း
‘ဝ’ တိုင်းရင်းသား ရိုးရာ နှစ်သစ်ကူးပွဲတော် ကျိုင်းတုံမြို့နယ်တွင် ကျင်းပ
DVB
·
January 26, 2023
Screenshot 2023-01-26 170253
Screenshot 2023-01-26 170342
Screenshot 2023-01-26 170404
Screenshot 2023-01-26 170425

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြိုနယ်၊ မိုင်းဇင်းအုပ်စု၊ ပင်းဆိုင်းရွာမှာ ဇန်နဝါရီ ၂၅ ရက်က ၄၇ ကြိမ်မြောက် ‘ဝ’တိုင်းရင်းသား ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပပါတယ်။

ပွဲတော်ကို ကျိုင်းတုံမြိုနယ်ရှိ ရွာပေါင်း ၂၉ ရွာက လူဦးရေ ၄၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး အာခါ၊ လားဟူ၊ ရှမ်းတိုင်းရင်းသား‌တွေလည်း လာ‌ရောက်ပါဝင်ကြတယ်လို့ ဒေသခံ ‘ဝ’လူငယ်တဦးက ပြောပါတယ်။

‘ဝ’တိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်ကစတင်ပြီး နေ လ လည်ပတ်မှု အခြေပြု ၁၂ ရာသီခွင်ပြက္ခဒိန် ZODIAC Calendar ကို အသုံးပြုကာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တာဖြစ်တယ်လို့ ‘ဝ’သမိုင်းပြုစုရေးကော်မတီဝင်တဦးက ပြောပါတယ်။

တပို့တွဲလဆန်း ၁ ရက်နေ့ဟာ ‘ဝ’ရာသီခွင်ပြက္ခဒိန်အရ ‘ဝ’သက္ကရာဇ် ၂၆၂၃ စတင်တဲ့ ‘ဝ’နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024