ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၄၅၇၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
June 9, 2020
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ ကျပ်သိန်းပေါင်း ၂ သိန်းခွဲလောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေ-ဝမ်လုံးရွာလမ်းဆုံ မြို့ရှောင်လမ်းမှာ စိုင်းမန် မောင်းနှင်ပြီး စိုင်းကျောက် လိုက်ပါလာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးနေတုန်း နောက်က လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ် ၂ စီးဟာ နောက်ပြန်လှည့်ပြေးသွားတယ်လို့ ဆိုပါတယ်။
လိုက်လံတားဆီးရာမှာတော့ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာနားမှာ ကားပေါ်မှာ လူတွေမရှိဘဲ ရပ်တန့်ထားခဲ့တဲ့ ကားတစီးနဲ့ စိုင်းအွန်မောင်းနှင်ပြီး စိုင်းဟောင်နဲ့ အိုက်ရီလုံတို့လိုက်ပါလာတဲ့ ကားကို တားဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
ကား ၃ စီးကို စစ်ဆေးရာမှာ ICE အလေးချိန် ၉၈ဝ.၉၈ ကီလို၊ ဘိန်းဖြူ ၃ ကီလိုနဲ့ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းမိခဲ့ပါတယ်။
သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား တယ်လို့ ဗဟိုကော်မတီထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-CCDAC