ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့အနီး၊ ဖားမောကျေးရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ လွိုင်ကော် PDF ရဲဘော် မားရီယိုရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လွိုင်ကော် PDF ရဲဘော် မားရီယိုဟာ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက လွိုင်ကော်မြို့ ချိကယ် - ပါလောင်း လမ်းမကြီး၊ ဖာ့တီမာမယ်တော်ဂူ အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တာလို့ PDF အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်ကလည်း လွိုင်ကော်မြို့နယ် မယ်တော်တောင် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ကိုတော်လှန်တိုက်ခိုက်ရင်း KNDF တပ်ရင်း ၁၂ မှ ရဲဘော် စိုးသီဟ (ခ) ကင်ဒို ကျဆုံးသွားပါတယ်။