ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလက စတင်ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနက မီတာ မဆောင်ရင် မီးဖြတ်မယ်လို့ ကြေညာက မီတာခလာစောင်တဲ့အခါ ငွေ ၆ သိန်းအထိ ကြွေးကျန်ရှိတယ်ဆိုကာ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့ မီတာဆောင်ဖို့အတွက် လိုက်ကြေညာပြီး မီတာသွားရောက်ပေးစောင်တဲ့အချိန်မှာ မီတာခ ကြေးကျန်ရှိတယ်ဆိုပြီး ၂ သိန်းကနေ ၆ သိန်းကြား တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ခုက အေးဓားပြတိုက်သလိုဖြစ်နေတယ်။ မဆောင်ရင်လည်း မီတာက အဖြတ်ခံရဦးမယ်၊ သွားစောင့် တော့လည်း မရှိတဲ့အကြွေးကို အကြွေးရှိတယ်ဆိုပြီးတောင်နေတယ်။ ကျနော်သိရသလောက်ဆို ၂ သိန်းကနေ ၆ သိန်းကြား တောင်းနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ခုလိုမျိုး ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနက မတရားမီတခကောက်ခံနေမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကတော့ ခုလိုမျိုး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနက မီတာခ ကြွေးကျန်ရှိတယ်ဆိုပြီး မတရားငွေတောင်းခံနေတဲ့ ဖြစ်စဉ်ဟာ မှန်ကန်ကြောင်း စုံစမ်းသိရှိရပေမယ့် ဒေသခံ ပြည်သူတွေအနေနဲ့ လာရောက်တိုင်ကြားတာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မီတာ ကြွေးကျန်ရှိတယ်ဆိုပြီး ဒေသခံပြည်သူတွေကို မီတာခကောက်ခံနေတဲ့ လျှပ်စစ်အင်ဂျင်နီယာဌာနကို ၂၀၂၂ ခုနှစ် အောက်တိုဘာလပိုင်းက ဗုံးခွဲပေးဖို့အတွက် တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။