Home
မြန်မာသတင်း
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
January 10, 2023
chin1
CNF bowed

ချင်းအမျိုးသားတပ်ဦး (CNF)  ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်​ကောင်စီတပ်က ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ဂျက်တိုက်​လေယာဉ် ၅ စီးနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတယ်လို့ CNF ဒေသဆိုင်ရာ ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းမှာရှိတဲ့ (CNF) ရဲ့ ဌာနချုပ်ကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်လို့ အိန္ဒိယနိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့တယ်လို့ PVTV ကလည်း သတင်းထုတ်ထားပါတယ်။

Photo-CHR

အိန္ဒိယ-မြန်််မာနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ CNF ဌာနချုပ်ကို တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေထိခိုက်သေဆုံးမှု ရှိ၊ မရှိနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရှေ့တန်းထွက်မယ့် CNF/ CNA ရဲဘော်တွေအတွက်  NUG အစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024