ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ မိဘမဲ့ကလေးငယ်တွေနဲ့ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NCA HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာ (ခ) ကိုစိုးရာဇာထွန်းကို ဒီဇင်ဘာ ၂၈ ရက် မနက်က အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ ရှေ့နေ အသိုက်အဝန်းကနေ သိရပါတယ်။
ကိုရာဇာကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်တယ်လို့ ရှေနေတစ်ဦးက ပြောပါတယ်။
NAC စင်တာတာဝန်ရှိသူတစ်ဦးကလည်း "သူ့ကို ပုဒ်မ ၅၂ (ဂ)နဲ့ပဲချတာ တခြားအမှုတော့ မရှိတော့ ဘူးလို့သိရတယ်။ တစ်မှုတည်းပဲချတာ နှစ်မှုမဟုတ်ဘူး" လို့ ရှင်းပြပါတယ်။
ကိုရာဇာကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်မှာ ဖမ်းဆီးခဲ့ပြီး အရှေ့ဒဂုံမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။