Home
မြန်မာသတင်း
အမေရိကန်သံရုံးရှေ့ တပ်ထောက်ခံသူများ နေ့စားခယူ ဆန္ဒပြ
DVB
·
December 28, 2022
322393373_865314997918149_5787812480470048841_n

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ အမေရိကန်သံရုံးရှေ့မှာ  ဒီဇင်ဘာ ၂၈ ရက် ဒီမနက် ၁၀ နာရီလောက်က  အမျိုးသားရေးသမားနဲ့  ကြံ့ခိုင်ရေးတွေအပါအဝင် တပ်ထောက်ခံသူတွေက နေ့စားခယူပြီး ဆန္ဒပြကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမေရိကန်သံရုံးကို ဟိုက်ဂျက်ကားတစီးနဲ့ အမျိုးသားရေးသမားနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအပါဝင် အယောက် ၂၀ လောက် ရောက်ရှိလာပြီး ဆန္ဒပြကြတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"သူတို့ကိုကြည့်ရင် ဘာမှသိလို့မဟုတ်ဘူး။ နေ့စားခရလို့ ဆန္ဒလာပြကြတာ။ စစ်တပ်က အာဏာသိမ်းပြီး စစ်တပ်ထောက်ခံတာ NUG နဲ့ PDF ကို ကန့်ကွက်တာ ဒီလူတွေပဲ ဆန္ဒပြကြတာ ငွေထုတ်ပေးတဲ့သူရှိလို့ လိုက်လုပ်နေတာ။”

ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လုံခြုံရေးယူပေးထား တယ်လို့  မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"အမေရိကန်သံရုံးရှိတဲ့လမ်းကဖြတ်သွားရင်တောင် စစ်တပ်က စစ်နေတာ။ ဒီလိုဆန္ဒပြတာကို ခွင်ပြုတယ်ဆိုတော့ စစ်တပ်ကငွေပေးပြီးလုပ်ခိုင်းတာ သိသာတယ်။”

NUG၊ CRPH၊ PDF ကိုကူညီပေးဖို့ပါဝင်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA 2023) ကို အမေရိကန်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တာဟာ ပြည်တွင်းရေး စွက်ဖက်တာလို့ စစ်ကောင်စီက ကြေညာပြီး နောက် တနေ့မှာ တပ်ထောက်ခံသူတွေက သံရုံးရှေ့ လာရောက်ဆန္ဒပြတာဖြစ်ပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024