စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့အနီးမှာ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၈ ရက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၄၈ မိနစ်၊ ၀၃ စက္ကန့်အချိန် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၆၂ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၉ မိုင် ခန့်အကွာ အနက် ၇၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။