Home
မြန်မာသတင်း
ပူဖားတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦး ကျဆုံး
DVB
·
December 12, 2022
319271657_213354077795499_8195467629900107228_n

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာမှာ ဒီဇင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း-၆ မှ ရဲဘော် ၃ ဦး ကျဆုံးသွားခဲ့ကြောင်း အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဒီဇင်ဘာ ၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ရင်း-၆ မှ ရဲဘော်စတီးဖင်း၊ ရဲဘော်ဒါးဝီမောင်ငယ်နဲ့ ရဲဘော်ဂျေနေဦး တို့ဟာ တိုက်ပွဲတွင်း ပိတ်မိပြီး ကျဆုံးသွားခဲ့တာပါ။

အလားတူ အဆိုပါတိုက်ပွဲအတွင်းမှာဘဲ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO_PDF) တပ်ရင်း D မှ တပ်စုမှူး ရဲဘော်တွတ်ကီလည်း ကျဆုံသွားခဲ့ရကြောင်း အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်ဟာ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ နေရာကို စွန့်ခွာသွားခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ ပြန်လည် ထိုးစစ်ဆင်လာခဲ့ပါတယ်။

ဒီလို ထိုးစစ်ဆင်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အတောအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးအပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။

သေးဆူလဲ-နန်းမယ်ခုံကျေးရွာ တကြောမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်း ရှိသလို ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024