Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပသည့် အခမ်းအနားကို တော်လှန်ရေးအဖွဲ့က အွန်လိုင်းမှ ဝင်ရောက်ဆန္ဒပြ
DVB
·
November 25, 2022
316535274_510569834449034_6962373267553119524_n

စစ်ကောင်စီက နိုဝင်ဘာ ၂၅ ရက် ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တော်လှန်ရေးအဖွဲ့တခုက အွန်လိုင်းကနေ ဝင်ရောက်ဆန္ဒပြနိုင်ခဲ့ပါတယ်။

ဒီအခမ်းအနားကို လူကိုယ်တိုင်နဲ့ အွန်လိုင်းကတက်ရောက်တဲ့ ပုံစံနှစ်မျိုး ပေါင်းလုပ်ထားတဲ့ Hybrid ပုံစံ အခမ်းအနားဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီရဲ့ Zoom အစည်းအဝေးထဲကို ဝင်ရောက်ဆန္ဒပြခဲ့တာပါ။

ဒီအခမ်းအနားဟာ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောတဲ့ပွဲလည်း ဖြစ်ပါတယ်။

အခမ်းအနားအတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံတွေပြောင်းကာ ပြသခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန်ရေးဘက်တော်သားတွေရဲ့ ကူညီမှုနဲ့ အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅ မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်တာ၊ အသံနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမဲ့ Zoom Setting မှာ အဆိုပါလုပ်ဆောင်ချက်တွေကို ပိတ်ထားတဲ့အတွက် စစ်ကောင်စီဆန့်ကျင်ရေး နောက်ခံပုံပြောင်းပြီးပဲ ဆန္ဒထုတ်ဖော်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024