ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ရဲ့ အထူးကွန်မန်ဒို စစ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက CNDF ဌာနချုပ်သင်တန်းကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို CNDF က တာဝန်ရှိသူတွေနဲ့ သင်တန်းသားတွေ တက်ရောက်ခဲ့ကြပြီး အခြေခံအဆင့်မဟုတ်ဘဲ အထူးကွန်မန်ဒိုသင်တန်းဖြစ်တယ်လို့ ဆိုပါတယ်။
သင်တန်းမှူးတဦးက "အမိန့်နာခံမှုအပိုင်းနှင့် တိုက်ရေးခိုက်ရေးအပိုင်း၊ စစ်ရေးအပိုင်းတွေကို ဦးစားပေး သင်ပေးခဲ့တယ်။ နောက်ထပ်သင်တန်းတွေ ဆက်ပေးဖို့ ရှိတယ်။"လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာတော့ သင်တန်းသား ၁၆ ယောက်က ချင်းအမျိုးသားကာကွယ်ရေးတပ်မှာ ကွန်မန်ဒိုတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် သစ္စာဆိုခဲ့တယ်လို့ CND က ထုတ်ပြန်ပါတယ်။