ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် တိုင်းအကူရဲတပ်ဖွဲ့ရုံးရှေ့မှာ နိုဝင်ဘာ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်းအကူတပ်ဖွဲ့ရှေ့ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖ ပူးပေါင်း လုပ်ဆောင်တာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
''နန်းထိုက်အောင်စစ်ဆင်ရေး တတိယအကြိမ်အဖြစ်ဆောင်ရွက်တာပါ၊ အားလုံးတော့ ဘင်းကင်းတဲ့နေရာ ပြန်ရောက်ပါပြီ' 'လို့ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးကွဲမှုကြောင့် ရဲ ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံတင်ကား ၁ စီးရောက်ရှိလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ရုံးပေါင်းစုံလမ်းဖြစ်တာကြောင့် မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။