စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံကနေသိရပါတယ်။
ပုလဲစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီကျော်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ PDF ကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဆားလင်းကြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က “တိုက်ပွဲကတော့ ပြင်းထန်တယ်။ ပထမစခန်းကို ဝင်ပစ်တယ်။ အလှစ်ဝင်ပစ်ဝာာဆိုတော့ သူတို့ဘက်က ပြန်ပစ်ချိန် မရဘူး။ အဲအချိန်ပစ်တာ ၅ ဦး သေဆုံးတယ်။ ဆုတ်တက်စနစ်နဲ့ ပစ်တာဆိုတော့ ကိုယ်ဘက်ကပစ်ပြီး နောက်ဆုတ်တယ်။ နောက် လက်နက်ကြီးနဲ့ အဝေးပစ် လုပ်ခဲ့တယ်။ ကိုယ်ဘက်ကတော့ အကျဆုံးအထိခိုက် မရှိခဲ့ဘူး”လို့ ပြောပါတယ်။
ဆာလင်းကြီးတွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ဟာ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း-၂၈အဖြစ် တရားဝင် အသိမှတ်ပြုခံထားရတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။