ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားလို့ ဒေသခံတွေ စားဝတ်နေရေးအခက်ခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
မြေပုံမြို့ နတလရုံး စက်တင်ဘာ ၇ ရက်က မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အင်အားအ များအပြားနဲ့ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းနေကြတယ်လို့ မြေပုံမြို့နယ်ဒေသခံတဦး က ပြောပါတယ်။
မြေပုံ-မင်းပြားကားလမ်းကို အောက်တိုဘာ ၂ ရက်ကစလို့ စစ်ကောင်စီတပ်က ခရီးသွားလာခွင့် ပိတ်ထားသလို ရေကြောင်းခရီး သွားလာခွင့်တွေကိုပါ တားမြစ်ကန့်သတ်လိုက်လို့ ပြည်သူတွေ စားဝတ်နေရေ အခက်ခဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။
မြေပုံမြို့နေသူ တဦးက “ကျနော်တို့ ရွာဘက်တွေက ရေကြောင်းနဲ့ပဲ မြေပုံမြို့ပေါ်ကို သွားရောက် စျေးဝယ်ကြရတာပါ။ စျေးဆိုင်ပိုင်ရှင်တွေက ကုန်ပစ္စည်းတွေ မှာမယ်ဆိုရင် စစ်တပ်ကို ပေးပြီးမှ ဝယ်ယူလို့ရတာ။ ငွေမပေးဘဲ ဝယ်ယူတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းတယ်” လို့ ပြောပါတယ်။
ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမား တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။