Home
မြန်မာသတင်း
ဇလွန်မြို့တွင် CDM ကျောင်းဆရာ ၁ ဦး အသတ်ခံရ
DVB
·
October 20, 2022
311291663_1448202572330748_2310431149973555211_n

ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ အောက်တိုဘာ ၁၇ ရက် ညပိုင်းက CDM ကျောင်းဆရာတယောက် နေအိမ်မှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ဦးစောရဲသီဟ နေအိမ်မှာ တယောက်တည်းရှိနေချိန် အမည်မသိလူသတ်သမားက သတ်ဖြတ်ပြီး ငွေနဲ့ပစ္စည်းတွေ ယူဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဆရာက အိမ်မှာ တယောက်တည်းနေတဲ့အချိန် အနုကြမ်းစီးခံရတာ၊ ကတ်ကြေးနဲ့ ၂၆ ချက်ထိုးပြီး သတ်သွားတာ။ ဖုန်းတွေ ဆိုင်ကယ်နဲ့ ငွေတွေယူသွားတယ်” လို့ ပြောပါတယ်။

CDM ကျောင်းဆရာ ဦးစောရဲသီဟဟာ စစ်အာဏာမသိမ်းမီက ဇလွန်မြို့နယ်၊ ဒေါင့်ကြီးအထက်တန်းကျောင်းမှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကာ CDM မှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း အခမဲ့ ပညာဒါန စာသင်ကျောင်းမှာ အွန်လိုင်းကနေ စာဆက်လက်သင်ကြားပေးခဲ့သူလည်း ဖြစ်တယ်လို့ CDM ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024